P BUILD အကြောင်း

P BUILD လုပ်ငန်းဆိုတာဘာလဲ?

အိမ်ပိုင်ရှင်

P BUILD လုပ်ငန်းဆိုတာ အိမ်ပိုင်ရှင်တွေနဲ့ ကန်ထရိုက်တာ (သို့) တပ်ဆင်သူများကြား အဆင်ပြေလွယ်ကူစေရန် ၀န်ဆောင်မှုပေးသည့်ကုမ္ပဏီဖြစ်ပါသည်။ နယ်ပယ်အသီးသီးမှ ယုံကြည်စိတ်ချရပြီး အရည်အချင်းပြည့်မှီကာ အတွေ့အကြုံရှိသော ကန်ထရိုက်တာများနှင့် အိမ်ပိုင်ရှင်များအတွက် အခကြေးငွေပေးစရာမလို၊ အချိန်မကုန်စေဘဲ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်းဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ ထို့အပြင် Probuild တွင်နေအိမ်ပိုင်ရှင်များက သက်ဆိုင်ရာ ကန်ထရိုက်တာများ၊တပ်ဆင်သူများနှင့်ပတ်သက်ခဲ့ဖူးသည့် ကိုယ်ပိုင်အတွေ့အကြုံများအကြောင်း ကိုဖော်ပြပေးထားသောကြောင့် ၎င်းသုံးသပ်ချက်များဖတ်ပြီး လွယ်ကူစွာရွေးချယ်နိုင်မည်ဖြစ်သည်။

P BUILD ၏ ၀န်ဆောင်မှုကို အလွယ်တကူ ရယူရန် အဆင့် ၃ ဆင့်


P BUILD မှ စုစည်းထားသော ဆောက်လုပ်ရေး သမားများထဲမှ မိမိနှင့် ကိုက်ညီသော ဆောက်လုပ်ရေး သမားကို ရှာဖွေပါ

လူကြီးမင်းတို့ကို အမြန်ဆုံး ၀န်ဆောင်မှု ပေးနိုင်ရန် အတွက် အသေးစိတ် အချက်အလက်များကို ဖြည့်စွက်ပါ

လူကြီးမင်း ဆောင်ရွက်လိုသော ဆောက်လုပ်ရေး လုပ်ငန်းများ အတွက် သင့်တော်တဲ့ ဆောက်လုပ်ရေး သမားကို အမြန်ဆုံး ရှာဖွေကာ လူကြီးမင်းကို ပြန်လည် ဆက်သွယ် ပေးမှာ ဖြစ်ပါတယ်။

P BUILD ကိုဘာကြောင့် အိမ်ပိုင်ရှင်များကရွေးချယ်သင့်လဲ?


စိတ်ချ ယုံကြည်ရပြီး အရည်အချင်း ပြည့်ဝသော ကန်ထရိုက်တာနှင့် တပ်ဆင်သူများကို စုစည်းဖော်ပြ ပေးထားခြင်း။

Probuild မှ ကန်ထရိုက်တာနှင့် ဆောက်လုပ်ရေး အဖွဲ့များမှာ Probuild ၏ စိစစ်မှု လုပ်ငန်းစဉ် များကို ကျော်ဖြတ်အောင်မြင် ထားသူများ ဖြစ်သောကြောင့် စိတ်ချ ယုံကြည်ရပြီး အရည်အချင်း ပြည့်ဝသူများ ဖြစ်ကြသည်။

သင်တို့၏ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ဆက်စပ် အလုပ်များ အတွက် ပိုမို လွယ်ကူစေမည့် ထပ်ဆောင်း ၀န်ဆောင်မှုများ ရနိုင်ခြင်း။

1.စံသတ်မှတ်ထားသော စာချုပ်စာတမ်းဆိုင်ရာ လမ်းညွှန် ချက်များ

2.အမျိုးမျိုးသော ဆောက်လုပ်ရေး အလုပ်များအတွက် စစ်ဆေးရမည့် စာရင်း

3.စံသတ်မှတ်ထားသော လုပ်ငန်း ဆောက်လုပ်ခြင်းဆိုင်ရာ လမ်းညွှန် ချက်များ

4.ဆောက်လုပ်ရေး ပစ္စည်းအရောင်း ဆိုင်များ

သင်နှင့်သင့်ဆောက်လုပ်ရေးဆိုင်ရာအလုပ်များကို ပိုမိုမြန်ဆန်စေခြင်း။

Probuild မှကန်ထရိုက်တာနှင့် ဆောက်လုပ်ရေး အဖွဲ့များမှာ သက်ဆိုင်ရာ နယ်ပယ် အသီးသီးတွင် အထူးကျွမ်းကျင် သူများဖြစ်သည့် အလျောက် လုပ်ခဲ့ဖူးသော ပရောဂျက် ဓာတ်ပုံများ ၊ သက်ဆိုင်ရာ အလုပ်များ အတွက် အခြေအနေနှင့် သတ်မှတ်ချက်များ ပါဝင်သည့် အာမခံပေးခြင်း နှင့်ထိုသူများတွင် ယခင်အိမ်ပိုင်ရှင် များမှ Review နှင့် Rating အဆင့် သတ်မှတ်ချက်များ ရရှိထားခြင်း စသည်တို့ကြောင့် လုပ်ငန်းများ ပိုမိုလွယ်ကူ မြန်ဆန် စေပါသည်။

အခမဲ့ချိတ်ဆက်ပေးခြင်း။

probuild ၏ ၀န်ဆောင်မှုအတွက် အခကြေငွေ ပေးရန်မလိုခြင်း

P BUILD လုပ်ငန်းဆိုတာဘာလဲ?

ကန်ထရိုက်တာ/တပ်ဆင်သူများအတွက်

P BUILD လုပ်ငန်းသည် အိမ်ပိုင်ရှင်များကို လက်ရာသေသပ် ကောင်းမွန်သည့် ကန်ထရိုက်တာနှင့် တပ်ဆင်သူများကို ချိတ်ပေးခြင်းဖြင့် ကန်ထရိုက်တာနှင့် တပ်ဆင်သူများ အတွက် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးသည့် ၀န်ဆောင်မှုပေးသော ကုမ္ပဏီဖြစ်ပါသည်။ ထို့အပြင် အရည်အသွေး ပြည့်ဝသော ကန်ထရိုက်တာနှင့် တပ်ဆင်သူများ ဖြစ်စေရေးအတွက် စိစစ်ရေး လုပ်ငန်းစဉ်များကို ထားရှိဆောင်ရွက်ပါသည်။ သက်ဆိုင်ရာ ဆောက်လုပ်ရေး အလုပ်အသီးသီးတွင် ကျွမ်းကျင်မှု တိုးတက်လာစေရန်လည်း သင်တန်းများကို စီစဉ် ဆောင်ရွက် ပေးထားပါသည်။

P BUILD ၏ ၀န်ဆောင်မှုကို အလွယ်တကူ ရယူရန် အဆင့် ၃ ဆင့်


P BUILD တွင်အဖွဲ့ဝင်ရန် ကန်ထရိုက်တာနှင့် တပ်ဆင်သူ ဖောင်ကိုဦးစွာဖြည့်ပါ။

ဆက်သွယ်ရန်

P BUILD မှ လေ့လာစစ်ဆေးဆောင်ရွက်မည့် လုပ်ငန်းစဉ်ဆောင်ရွက်ရန်ဆက်သွယ်ပါမည်။

P BUILD မှ ကန်ထရိုက်တာ တစ်ဦး (သို့မဟုတ်) တပ်ဆင်သူ တစ်ဦး အဖြစ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

P BUILD တွင် ကန်ထရိုက်တာ တစ်ယောက် (သို့) တပ်ဆင်သူအဖွဲ့ ဖြစ်လာရန်အတွက် ပြင်ဆင်ရမည့်အရာများ

(၁) ပရောဂျက်ဓာတ်ပုံများဖော်ပြပေးရန်လိုအပ်ခြင်း

အိမ်ပိုင်ရှင်များ ဆုံးဖြတ်ရ လွယ်ကူစေရန် ကန်ထရိုက်တာနှင့် ဆောက်လုပ်ရေး အဖွဲ့များက ပရောဂျက် ဓာတ်ပုံများကို ဖော်ပြပေးရမည်။( ပရောဂျက် မစမီပုံ ၊ လုပ်ဆောင်နေစဉ်ပုံ ၊ ပရောဂျက်ပြီးစီးချိန်ပုံ )

(၂) လုပ်ငန်းအတွေ့အကြုံများဖော်ပြပေးရန်လိုအပ်ခြင်း

ကန်ထရိုက်တာနှင့် ဆောက်လုပ်ရေး အဖွဲ့များသည် မိမိတို့ သက်ဆိုင်ရာ အလုပ်နှင့် သက်ဆိုင်သည့် အလုပ်နောက်ခံ အကြောင်းနှင့် ဆောက်လုပ်ရေး လောကအတွင်းသို့ဝင်ရောက်ချိန်များကို ဖော်ပြပေးရမည် ဖြစ်သည်။