နေအိမ်အလှဆင်ခြင်းနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ စိတ်ကူးများ

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် အကောင်း ဆုံး သောဝန်ဆောင်မှု

နေအိမ်အလှဆင်ခြင်းနှင့် ဒီဇိုင်းပိုင်းဆိုင်ရာ စိတ်ကူးများ

သင့်တိုက်ခန်းရဲ့ ၀ရန်ဒါလေးကို ဘယ်လိုအလှဆင်မလဲ။

ကွန်ဒိုမှာနေတဲ့သူတွေ၊ တိုက်ခန်းမှာနေထိုင်ကြသူတွေဟာ သူတို့ရဲ့ ၀ရန်ဒါကို များသောအားဖြင့်အသုံးမပြုကြတာ များပါတယ်။ ဖိနပ်တွေထားရုံ၊ အ၀တ်လှန်းရုံလောက်သာ အသုံးပြုကြပြီး ကျန်တဲ့အချိန်တွေမှာတော့ အသုံးမပြုဖြစ်ပါဘူး။ တကယ်လို့သာ ၀ရန်ဒါလေးကိုနေချင်စဖွယ်ကောင်းတဲ့ နေရာလေးတစ်ခုအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် ကိုယ့်အတွက် သီးသန့်နေရာလေးတစ်ခုထပ်မံရရှိနိုင်သလို မိသားစုတွေ အပန်းဖြေနိုင်မယ့်နေရာလေးတစ်ခုလည်း တိုးလာမှာအမှန်ပါပဲ။ ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေ တွေနဲ့လည်း ၀ိုင်းဖွဲ့စကားပြောဖို့ နေရာလေးတစ်ခု တိုးလာမှာပဲဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်ရဲ့ ၀ရန်ဒါ လေးကို နှစ်လိုဖွယ်ကောင်းတဲ့နေရာတစ်ခုအဖြစ်အလွယ်တကူ ပြောင်းလဲဖို့ နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ 1. နံရံကို ဆေးအသစ်ပြန်သုတ်တာပဲဖြစ်ဖြစ်၊ နံရံကပ်စက္ကူနဲ့ အလှဆင်တာပဲဖြစ်ဖြစ် ပြုလုပ်လိုက်မယ်ဆိုရင် သင့်ရဲ့ ၀ရန်ဒါလေးဟာ လှပသစ်လွင်သွားမှာအသေအချာပါပဲ။ 2. နံရံကပ်ပန်းပင် ဒါမှမဟုတ် အလှပန်းအိုးလေးတွေထားခြင်းကလည်း စိတ်ကိုလန်းစန်းစေတဲ့အပြင် အတွေးအမြင်သစ် တွေကိုလည်း ရရှိစေပါတယ်။ 3. နောက်တစ်ခုကတော့ ပရိဘောဂ ပစ္စည်းတွေဖြစ်တဲ့ စားပွဲခုံအသေးလေးတွေနဲ့ ထိုင်ခုံငယ်လေးတွေထားခြင်းက လည်း သင့်အတွက် ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးရာမှာ အထောက်အကူဖြစ်စေပါတယ်။ 4. နောက်ဆုံးအနေနဲ့ ၀ရန်ဒါရဲ့ ကြမ်းခင်းကို သံမံတလင်းအတိုင်းမထားဘဲ ကြွေပြားကပ်တာပဲဖြစ်ဖြစ်၊ မြက်ခင်းအတု ခင်းတာပဲဖြစ်ဖြစ် ပြုလုပ်လိုက်မယ်ဆိုရင်တော့ တကယ့်ကို ချစ်စရာကောင်းတဲ့ ကိုယ်ပိုင်နေရာလေးတစ်ခုကို ငွေကုန် ကြေးကျသက်သာစွာနဲ့ ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။