ယနေ့ခေတ်မှာလူသုံးများလာတဲ့ အခန်းကန့်ခြင်းနည်းလမ်းတစ်ခုကတော့ Dry Wall စနစ်ပဲဖြစ်ပါတယ်။ Dry Wall ဆိုတာက တော့ နံရံနှင့်အခန်းကန့်ခြင်းတွေပြုလုပ်တဲ့အခါ အုတ်နံရံတွေလို ဘိလပ်မြေဖျော်ရတာတွေ၊ ပြီးရင်လည်းရေလောင်းပေးရတာ တွေ စတာတွေမရှိဘဲ အသင့်တပ်ဆင်နိုင်တဲ့ ထုတ်ကုန်မျိုးကိုဆိုလိုတာဖြစ်ပါတယ်။ ဖိုင်ဘာဘိလပ်မြေဘုတ်ပြားတွေ၊ ဂျပ်ဆင် ဘုတ်ပြားတွေနဲ့ ပလာစတာဘုတ်ပြားတွေဟာ Dry Wall တွေဖြစ်တာကြောင့် အချိန်လည်းမကုန်၊ လူအများကြီး လည်းမလိုအပ်ဘဲ လှပသေသပ်စွာ အလှ ဆင်နိုင်ပါတယ်။