Trend and Activities

Provide The Best Service For Construction Work

Trend and Activities

မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ (30)

ဆရာ ဗိုလ်ဗိုလ်ကျော် ရေးသည်။မြန်မာပြည်ဆောက်လုပ်ရေးလောကမှ အယူအဆအလွဲများ (30)

Pbuild Myanmar မှ ပြန်လည်ကူးယူဖော်ပြသည်။


Hook Termination

Beam သံချောင်းတစ်ချောင်းက အခုပုံလိုမျိုး Main Beam တစ်ခုအတွင်းမှာအဆုံးသတ်ရမှာဖြစ်ဖြစ် Column/Wall တွေမှာ အဆုံးသတ်ရမယ့်အခါမျိုးမှာဖြစ်ဖြစ် ကြုံလာပြီဆို ဖြစ်တတ်တဲ့အယူအဆအလွဲလေးက Beam သံချောင်းတွေကို main beam / wall နယ်ကုန် သို့မဟုတ် Column tie ကွင်းတွေရဲ့အပြင်ထိထွက်ပြီး Hook ကွေးပြီးကုတ်ထားမှ အားရှိတယ်လို့ ထင်တတ်တာပါ။

တကယ်တော့ rebar hook က သူမှီခိုမယ့်အခြား beam က rebar ကို ကုတ်တွယ်ထားစရာမလိုအပ်ပါဘူး။ rebar တွေက အားတွေက ကြားခံ concrete ကနေပဲ စီးကူးသွားပါတယ်။ Rebar lap splice တွေမှာလဲဒီသဘောပါပဲ။ rebar 2 ခုထိတွေ့နေတာကနေ လျှပ်စစ်လို စီးကူးတာမဟုတ်ပါဘူး။ ကြားခံကွန်ကရစ်တွေကနေပဲ စီးကူးတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ development length တို့ splice length တို့ တွက်တဲ့နေရာမှာ concrete strength fc' ပါ formula ထဲ ပါနေတာ ဖြစ်ပါတယ်။

အခု case ဟာဆိုရင် သံချောင်းတစ်ခု အဆုံးသတ်တဲ့ case ဖြစ်ပါတယ်။ ဒါဟာ သံချောင်းတစ်ချောင်းက သူ့ critical point ကနေ tension development length for hook (ldh tension) ရှိရမယ့်အခြေအနေ ဖြစ်ပါတယ်။ ldh တွက်တဲ့အခါမှာ သူ့ side cover 2.5" ထက်များပြီး end cover 2" ထက်ကြီးပြီဆိုရင် end cover 2" အောက်ငယ်တာတွေထက် 70% ပဲ length က လိုအပ်ပါတယ်။ ဆိုလိုတာက အမှန်ခြစ်ပုံလို hook အဆုံးသတ်ပုံက end cover 2" ထက်များတာဖြစ်တဲ့အတွက် အမှားပြထားတဲ့ပုံလို end cover 2" အောက်နဲတဲ့အဆုံးသတ်ပုံထက် ldh လိုအပ်ချက် 70% လျော့နဲမှာဖြစ်ပါတယ်။ ဒါကြောင့် အမှန်ဖြစ်ပြပုံလို အဆုံးသတ်ပုံက ပိုကောင်းပါတယ်။

နောက်ပြီး cover က column tie တို့ main beam rebar အပြင်ကနေကုတ်တွယ်ထားတာ ဖြစ်တဲ့အတွက် cover က 1.5" အောက်ငယ်သွားပြီး cover အရမ်းနဲတဲ့အတွက် corrosion အတွက် ကာကွယ်နိုင်မှုနဲပါးတာ durability အတွက်မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်။

(အမှားပြပုံက ldh မလုံလောက်ဘူး သုံးလို့မရဘူးလို့ မဆိုလိုပါဘူး။ ပိုကောင်းတဲ့ practice ကို ညွှန်းလို့ရင်းသာဖြစ်ပါတယ်။)

credit-ဆရာ ဗိုလ်ဗိုလ်ကျော်

Trend and Activities များကိုဖတ်ရှုရန်  နှိပ်ပါ။